ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာနေ့မှာ မြန်မာပြည်က အခြေအနေ ဘယ်လို ရှိနေလဲ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Un pódcast de BBC Burmese Radio

Podcast artwork

ွန်လ ၂၀ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာနေ့မှာ မြန်မာပြည်က အခြေအနေ ဘယ်လို ရှိနေလဲ - “လူတိုင်းလုံခြုံရာရှာဖွေခွင့်ဟာ အခြေခံအခွင့်အရေးဖြစ်တယ်” အန်တိုနီယိုဂူတားရက်စ်၊ ကုလအတွင်းရေးမှူးချုပ် - ဇွန်လ ၂၀ ရက် ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာနေ့မှာ လူတိုင်းအတွက် အခြေခံအကျဆုံး အခွင့်အရေးထဲ လုံခြုံရာနေရာ ရှာဖွေခွင့် ၊ လုံလုံခြုံခြုံ နေထိုင်ခွင့် ပါဝင်ကြောင်း ကုလ အတွင်းရေးမှူးချုပ်ပြော - မြန်မာပြည်ထဲမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးဒုက္ခသည် အရေအတွက် ပိုပြီး တိုးလာတာမှာ အခုနှစ် ပထမ ၅ လ ထဲမှာကို ဒုက္ခသည် ၅ သိန်း ထပ်တိုးလာ - အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ပထဆုံး စဖြစ်လာတဲ့ နေရာတစ်ခု ဖြစ်တဲ့ ချင်းပြည် မင်းတပ်က စစ်ရှောင်တွေ အခြေအနေကို ကြည့်ရင် စစ်ကောင်စီတပ်တွေရဲ့ ဖြတ် ၄ ဖြတ်ကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေပြီး ... ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီ ဝင်လို့မရ ဖြစ်နေ ... - ရှမ်းပြည်မြောက်ပိုင်းမှာလည်း စစ်ရှောင်စခန်းတွေထဲထိ လက်နက်ကြီးကျည်ကျလို့ အခု ရက်ပိုင်းတွေမှာပဲ လူတွေ သေဆုံးရတဲ့ အထိ ပေါ်ပေါက်ခဲ့ - ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကလည်း သူတို့ဟာ မြန်မာ နိုင်ငံသားတွေ ဖြစ်တဲ့ အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေသာ ရရှိနိုင်မယ် ဆိုရင် နေရပ်ရင်းကို ပြန်လိုတယ် ဆိုပြီး ဒုက္ခသည် စခန်း ၂၀ ကျော်မှာ လူတွေ ထောင်ပေါင်းများစွာ ဆန္ဒပြ။ ဘင်္ဂလားဒေ့ရှ်ထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲ လူနေမှု အဆင့်အတန်း အင်မတန် နိမ့်ကျစွာနဲ့ ပညာရေး ကျန်းမာရေးကအစ အစစ အရာရာ ချို့ချို့တဲ့တဲ့ နေထိုင်နေရတာ ဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေပြော - မောင်တောဒေသမှာတော့ ပညာရေး ဝန်ထမ်း နှစ်ယောက် ပြန်ပေးဆွဲ ခံထားရပြီး ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း၅၀ ပြန်ပေးငွေ တောင်းခံထားရ၊ လိုက်ရှာတဲ့ အုပ်စု သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက် ခံလာရပြီး ပစ်ခတ်သူတွေဟာ အာဆာတွေ ဖြစ်တယ်လို့ ဒေသတွင်း ပြောဆိုမှုတွေရှိ .... ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com -

Visit the podcast's native language site