ဒုက္ခနဲ့ကြုံတွေ့လာတဲ့အခါမှာ

KC’s Notes - Un pódcast de KC Myanmar

Categorías:

အခက်အခဲတွေကိုရင်ဆိုင်နေရတဲ့အချိန်မှာ ကိုယ့်ခံစားချက်တွေကို အများသိအောင် ပြောစရာမလိုပါဘူး။ လူတွေကသိသွားတဲ့အခါ ဪ သူက ဒီလိုဖြစ်နေတာလေ ဆိုတာလောက်ကို ပြောကြရင်လေကံကောင်းတယ်လို့မှတ်ပါ။ ကိုယ့်ကိုမကြိုက်တဲ့သူတွေကတော့ ဝမ်းသာသွားကြပါလိမ့်မယ်။ ဒီလောက်ပါပဲ။ လူတိုင်းမှာ ပြဿနာကိုယ်စီနဲ့မို့လို့ ဘယ်သူမှ အကြာကြီးအဖက်မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုတကယ်ချစ်ခင်တဲ့သူတွေကတော့ ပြောစရာမလိုပဲနဲ့ သိနေကြလိမ့်မယ်။ သိအောင်လဲ လုပ်ကြလိမ့်မယ်။ ဒီလိုလူတစ်ယောက်နှစ်ယောက်ရှိရင်ကို လုံလောက်ပါတယ်။ အဓိကကျတာတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ ဒီအခက်အခဲကာလဟာ ယာယီပဲဖြစ်တယ်လို့မှတ်ယူရမယ်။ ကိုယ်တတ်နိုင်သလောက်ရုန်းကန်ရမယ်။ ကိုယ်လက်မလျော့သရွေ့ အခွင့်အလမ်းကရှိနေဦးမှာပါ။ ဒါပါပဲ။